Blog
ကွန်ပျူတာ ဝယ်ယူရာတွင် သတိပြုရမည့် အချက်များ
ကွန်ပျူတာသစ်တစ်လုံး ဝယ်ယူဖို့ စိတ်ကူးထားသူများအတွက် Spec အခြေခံကျကျ နားလည်အောင် ရှင်းပြပေးလိုက်ပါတယ်။ အထူးသဖြင့် Online Exam (CBT)၊ Zoom Class၊ Video Call များအတွက် သုံးမည်ဆိုပါက အောက်ပါ အချက် (၇) ချက်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
၁။ Storage (Hard Disk) — "SSD" လို့ ကြားရုံနဲ့ မလုံခြုံပါ
- Traditional HDD အစား SSD ကို အများစု ရွေးချယ်ကြပေမယ့် SSD ထဲမှာလည်း SATA SSD (ပုံမှန် SSD) နှင့် NVMe SSD (Generation ပိုမြန်) ဆိုပြီး နှစ်မျိုးရှိပါတယ်
- NVMe SSD ဟာ SATA SSD ထက် Read/Write Speed ၄-၅ ဆလောက် မြန်ပါတယ် — ကွန်ပျူတာ ဖွင့်ချိန်၊ Software ဖွင့်ချိန်၊ File ကူးချိန်တွေမှာ ကွာခြားချက် ထင်ရှားစွာ ခံစားရပါလိမ့်မယ်
- Laptop ဝယ်တဲ့အခါ Spec sheet ထဲမှာ "SSD" လို့ပဲ ရေးထားတာနဲ့ မရပါဘူး — "NVMe SSD" ဖြစ်မဖြစ် ရောင်းသူကို တိတိကျကျ မေးပြီးမှ ဝယ်သင့်ပါတယ်
၂။ Screen (Display) — 15.6" Full HD အနည်းဆုံး
- Screen Size 15.6 လက်မ ဟာ အများဆုံးသုံးတဲ့ Standard size ဖြစ်ပြီး Text/Video ကြည့်ရတာ အဆင်ပြေပါတယ်
- Resolution ကျတော့ Full HD (1920 x 1080) ကို အနည်းဆုံး ရွေးသင့်ပါတယ်
- Full HD Resolution အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ ယနေ့ခေတ် Online Exam (CBT) System များစွာက Full HD Resolution ကို Minimum requirement အဖြစ် သတ်မှတ်ထားလေ့ရှိလို့ပါ
- HD (1366x768) Resolution ရှိတဲ့ Screen တွေဆိုရင် Exam System အချို့က Login တောင် ဝင်ခွင့်မပြုတာမျိုး ကြုံရနိုင်ပါတယ်
၃။ Webcam — ရှိရမည်၊ ရှင်းလင်းရမည်
- Online Exam၊ Interview၊ Zoom Meeting များအတွက် Webcam ပါဝင်ရမည်ဖြစ်ပြီး အနည်းဆုံး HD (720p) Webcam ရှိသင့်ပါတယ်
- Exam Proctoring System တစ်ချို့က Webcam ဖြင့် "Face Detect" လုပ်ဖို့ လိုအပ်တာမို့ Webcam အရည်အသွေး ကောင်းမကောင်းက အရေးကြီးပါတယ်
၄။ Speaker & Microphone
- Exam Instruction၊ Listening Test များ ကြားနိုင်ဖို့ Speaker အသံ ကြည်လင်ရပါမယ်
- Microphone ကလည်း Interview/Meeting များအတွက် လိုအပ်ပါတယ်
- ဝယ်ယူခင် Speaker Volume အများဆုံးထားပြီး အသံ Distort ဖြစ်မဖြစ် စမ်းသပ်ကြည့်သင့်ပါတယ်
၅။ Processor (CPU) & RAM
- CPU: Intel Core i3 (10th Gen အထက်) သို့မဟုတ် AMD Ryzen 3 အထက် ရွေးသင့်ပါတယ်
- Core — CPU ထဲက Processing Unit အရေအတွက်ကို ဆိုလိုပါတယ်။ Core အရေအတွက် များလေ Task အများကြီးကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်း ကောင်းလေဖြစ်ပါတယ် (Exam လက်ရေးအတွက် 4-Core အနည်းဆုံး အဆင်ပြေပါတယ်)
- Thread — Core တစ်ခုကို Software အရ ခွဲခြမ်းထားတဲ့ Virtual Processing Line ဖြစ်ပြီး (Hyper-Threading/SMT) Thread အရေအတွက်များလေ Multitasking (Browser Tab အများကြီးဖွင့်ခြင်း၊ Zoom + Word ချပြင်တင်နေချင်း) ပိုချောမွေ့လေ ဖြစ်ပါတယ်
- Cache — CPU အတွင်းက အမြန်ဆုံး Memory အသေးစား ဖြစ်ပြီး CPU က RAM ကို မသွားပဲ Data ကို ချက်ချင်း ရယူနိုင်စေဖို့ အသုံးပြုပါတယ်။ Cache (L2/L3) ပမာဏ များလေ CPU Performance ပိုကောင်းလေ ဖြစ်ပါတယ် — Spec Sheet တွင် "Cache" ပမာဏကိုပါ နှိုင်းယှဉ်ကြည့်သင့်ပါတယ်
- RAM: 8GB အနည်းဆုံး၊ Multitasking များပါက 16GB ပိုကောင်းပါတယ်
၆။ Battery Life
- Class/Exam ကြာချိန်လောက် Battery ခံနိုင်ဖို့ အနည်းဆုံး ၅-၆ နာရီ ခံနိုင်တဲ့ Model ကို ရွေးသင့်ပါတယ်
၇။ Warranty & After-Sales Service
- Warranty အနည်းဆုံး ၁ နှစ် ရှိရမည်ဖြစ်ပြီး Repair Center မြန်မာနိုင်ငံအတွင်း ရှိမရှိ သေချာစစ်ဆေးသင့်ပါတယ်
ကွန်ပျူတာတစ်လုံး ဝယ်ယူတဲ့အခါ စျေးနှုန်းချိုတာထက် "ကိုယ့်ရဲ့ လိုအပ်ချက် (Use Case)" နှင့် ကိုက်ညီမကိုက်ညီ အရင်ဆုံး စဉ်းစားသင့်ပါတယ်။ Spec နှင့်ပတ်သက်၍ မသေချာပါက I-School Computer သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။